Monday, August 4, 2014

ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုစနစ်များ

ဟင်းသီးဟင်းရွက် စိုက်ပျိုးစနစ်သည် လူနေမှုစနစ် တိုးတက်ပြောင်းလဲလာသည်နှင်. အမျှ ကွာခြားလာသည်ကို တွေ.ရှိရပေသည်။ အကြမ်းအားဖြင်. ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု စနစ်ကို (၆) မျိုးခွဲခြားနိုင်ပါသည်။

အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းစနစ်
ဤစနစ်မှာ ရှေးအကျဆုံး စိုက်ပျိုးမှုစနစ်ဖြစ်သည်။ လူသားများ အဖွဲ.လိုက် စုပေါင်း ပြောင်းရွေ. နေထိုင်သော ခေတ်ကာမှစ၍ မိမိတို.၏ နေ.စဉ်စားသုံးရန်အစာတွက် စိုက်ပျိုးခဲ.ကြသည်။ မြေဆီမြေနှစ်ကုန်ခမ်းသွား၍ စိုက်ပျိုးမှု မအောင်မြင်သောအခါတွင် နေရာသစ်ကို ရှာဖွေလေ.ရှိကြသည်။ အချူပ်အားဖြင်. ဤစိုက်ပျိုးမှူ စနစ်သည် မိမိ၏ အဖွဲ.စည်း သို. မိမိအိမ်ထောင် စားသုံးရန်အတွက် စိုက်ပျိုးခြင်းဖြစ်သည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းစနစ်
လူနေမှုစနစ်တိုးတက်လာ၍ မြို.ကြီးပြကြီးများတွင် အမြဲတစေ နေထိုင်လာသောအခါ စိုက်ပျိုးရန်အတွက် မြေနေရာမရှိခြင်း အခြားစီးပွားရေးလုပ်ငန်းကြောင်. အချိန်ပိုမရှိခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းကို ကျွမ်းကျင်မှုမရှိခြင်း စသည်တို.ကြောင်. ကိုယ်တိုင်မစိုက်ပျိုးကြတော.ပေ။ ထိုအခါ မြို.သူမြို.သားများအတွက် စိုက်ပျိုးရောင်းချလာကြသည်။ အချုပ်အားဖြင်. မြို.၏ လိုအပ်မှုအပေါ် မူတည် စိုက်ပျိုးခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ ပို.ကုန်အဖြစ်စိုက်ပျိုးခြင်းစနစ်
ခေတ်မီတိုးတက်လာ၍ ပို.ဆောင်ဆက်သွယ်ရေးကောင်းမွန်သောအခါ၊ ဟင်းသီး ဟင်းရွက်များကို ဒေသနှင်. ကိုက်ညီကောနေရာများတွင် စိုက်ပျိုးလာကြပြီး ပြည်တွင်းပြည်မ ဈေးကွက်များသို. မော်တော်ကား မီးရထား လေယာဉ်ပျံ စသည်တို.ဖြင်. တင်ပို.ရောင်းချနိုင်ရန် ကျယ်ကျယ် ပြန်.ပြန်. စိုက်ပျိုး ထုတ်လုပ်ကြပါသည်။ ဥပမာ ရော်ဘာစိုက်ပျိုး တင်သွင်းမှူ


စည်သွတ်လုပ်ငန်းအတွက် စိုက်ပျိုးခြင်းစနစ်
သီးနှံသိုလှောင်သော နည်းပညာများကို တတ်မြောက်သောအခါ ပိုလျှံသော သီးနှံများကို စည်သွတ်လုပ်ငန်းစက်ရုံများမှ ဝယ်ယူအသုံးပြုလာကြသည်။ သီးနှံအများအပြား စိုက်ပျိုးသောဒေသများတွင် စက်ရုံကြီးများတည်ဆောက်လာကြပြီး၊ လတ်ဆက်စွာ စားသုံးရန်အတွက် သီးနှံကောင်းများကို အဝေးသို. ဈေးနှူန်းတစ်မျိုးဖြင်. ရောင်းချပြီး၊ လက်ကျန်ကို စက်ရုံများသို. ဈေးနှူန်းလျှော.၍ ရောင်းချကြသည်။ ယခုအခါတွင် စက်ရုံလိုအပ်ချက်ပေါ်မူတည်၍ သီးသန်. စိုက်ပျိုးလာကြသည်။ ထိုအခါ စည်သွတ်လုပ်ငန်းနှင်. ကိုက်ညီမည်. အပင်ကို ရွေးချယ်၍ စိုက်ပျိုးရသည်။

အချိန်အခါမဟုတ်သည်. အချိန် စိုက်ပျိုးခြင်းစနစ်
တိုးတက်သော နိုင်ငံများတွင် ဟင်းသီးဟင်းရွက်ကို ရာသီးချိန်မဟုတ်သော်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် ဖန်တီးလာကြသည်။ အထူးသဖြင်. ခရမ်းချဉ်နှင်. သခွားသီး၊ ဖရဲသီးစသည်တို.ကို တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် မှန်အိမ်ကြီးများတွင် အပူချိန်ထိန်း၍ စိုက်လာကြသည်။ ရာသီမဟုတ်သော အချိန်တွင် အထူးပြုစုစိုက်ပျိုးရခြင်းကြောင်. စိုက်စရိတ်ကြီးမားသည်။ ဈေးကြီးပေး၍ ဝယ်စားနိုင်သော နိုင်ငံများတွင် အသုံးပြုစိုက်ပျိုးကြသည်။ 

မျိုးစေ.ထုပ်လုပ်ရန် စိုက်ပျိုးခြင်းစနစ်
ဟင်းသီးဟင်းရွက်ကို မျိုးအတွက် စိုက်ပျိုးခြင်းနှင်. စားသုံးရန်အတွက် စိုက်ပျိုးခြင်းတို.သည် ကွာခြားမှုရှိပေသည်။ မျိုးကောင်းမျိုးသန်.ကို သုံးမှသာလျှင် စိုက်ပျိုးမှုကို အကျိုးဖြစ်ထွန်းမည် ဖြစ်သည်.အလျှောက် မျိုးကောင်းမျိုးသန်. ရရှိနိုင်ရန်အတွက် သင်.လျှော်သော မြေ၊ ရာသီဥတုနှင်. ရောဂါကင်းသောဒေသတို.တွင် ရွေးချယ်စိုက်ပျိုးရပေသည်။ မျိုးစေ.အတွက် ရိတ်သိမ်းခြင်း ချွေခြင်း နေလှန်းခြင်း၊ ထုတ်ပိုးဖြင်း သိုလှောင်ဖြင်း စသော လုပ်ငန်းများသည် သီးသန်. လုပ်ငန်းများဖြစ်သည်. အလျောက် ကျွမ်းကျင် နားလည်နိုင်ရန်လည်း လိုအပ်လှပါသည်။ ထို.ကြောင်. ဟင်းသီးဟင်းရွက် မျိုးစေ.ထုပ်လုပ်ခြင်း လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြသည်။

Ref; ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး : မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း : 2000

No comments:

Post a Comment