Thursday, August 28, 2014

ဈေးကွက်က ကောင်းကောင်း နာနတ်သီး အကြောင်း



Myanmar Name - နာနတ်သီး
English Name – Pineapple
Binomial Name – Ananas comosus
Genus – Ananas
နာနတ်သီးဟာ အပူပိုင်းဒေသမှာ အများအပြားပေါက်ရောက်တယ်. ဘယ်ရီသီး အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးအရ ဖြစ်ထွန်းအောင်မြင်နိုင်တယ်. အပင်တစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးရဲ. သရဖူပုံသဏ္ဍာန် ပင်စည်ခေါင်းအား ဖြတ်တောက် စိုက်ပျိုးခြင်းဖြင်. မျိုးပွားနိုင်ကြပါတယ်။အပင်ငယ်များက လပေါင်း ၂၀ မှ ၂၄ လအတွင်း ပန်းပွင်.နိုင်ကြပြီး ၆လအတွင်း အသီးသီးနိုင်သော သက်ရင့်ဘယ်ရီပင်များဖြစ်ကြပါတယ်။July - September လများတွင် အသီးသီးလေ.ရှိပါသည်။ နာနတ်သီးများဟာ ခူးဆွတ်ပြီးလျှင် သိသာထင်ရှားစွာ မရင်.မှည်.နိုင်ကြပါဘူး။
နာနတ်သီးကို ချက်ပြုတ်ရာတွင်လည်းကောင်း အရည်ဖျော်သောက်၍လည်းကောင်း များစွာသော အချိုပွဲထည်.သွင်း အသုံးပြုနိုင်ပါသည်။ ထို.အပြင် နာနတ်သီးချည်းပဲ သက်သက်လည်း စားတတ်ကြပါသည်။ ဖိလစ်ပိုင် လူမျိုးများက နာနတ်ရွက်များကို အိမ်တွင်း အလှဆင်ပစ္စည်းများအဖြစ်လည်း အသုံးပြုကြသည်။

ဥရောပတိုက်သားများဟာ 17 ရာစု အလယ်လောက်က အမေရိကတိုက်မှာ နာနတ်သီးကို ပထမဦးဆုံးရှာဖွေ တွေ.ရှိခဲ.ကြသူများ ဖြစ်ပါတယ်။ သိပ္ပံနံမည် Annas ဆိုတယ်. စာလုံးကတော. Tupian ဘာသာစကားမှ ဆင်းသက်လာပြီး အဓိပ္ပာယ်ကတော. အံ့ဖွယ်ကောင်းသော အသီး လို.ပြောကြပါတယ်။
နာနတ်ပင်ရဲ. အပင်ပုံစံကတော. အကြမ်းအားဖြင်. ပင်ခြေနှိမ်.ပြီး အစာအပာာရာ သိုလှောင်နိုင်သော ပင်စည်အထူ ရှိပြီး ချွန်ထက်၍ကားနေသော အရွက်များရှိသည်။ အချို.သော နာနတ်ရှားပါးမျိုးစိတ်များမှာ ၅ ပေမှ ခြောက်ပေ အထိရှိသည်။

နာနတ်သီးသည် Vitamin C နှင်. Maganese ဓာတ်များစွာ ကြွယ်ဝသော အစားအစာ တစ်မျိုးဖြစ်သည်။ နာနတ်သီး 100g တွင် Vitamin C 47.8mg ရာခိုင်နူန်းအားဖြင်. 58%၊ Maganese 0.927mg ရာခိုင်နူန်းအားဖြင်. 44% ပါဝင်သည်။ ထို.ကြောင်. ဆရာဝန်များက နာနတ်သီးပုံမှန် စားသောသူ ကင်ဆာရာဂါဖြစ်ပွားနူန်းကို လျှော.ကျစေသည် ဟု ပြောကြပါသည်။ ထို.အပြင် နာနတ်သီးတွင် မကောင်းသော အဆီများကို လျှော.ကျစေနိုင်သော ဂုဏ်သတ္တိရှိသဖြင်. Diet လုပ်နေသော သူများက ပို၍ပင်စားသုံးသင်.ကြောင်း ပြောပါသည်။

ဂါနာနိုင်ငံမှ နာနတ်သီးစိုက်ခင်း
2009 ခုနှစ် စစ်တမ်းများအရ ဘရာဇီးနိုင်ငံသည် နာနတ်သီးစိုက်ပျိုး ထုတ်လုပ်မူတွင် ၂၂၀၆ ကီလိုတန်ဖြင်. ပထမနေရာတွင် ရပ်တည်နေသောနိုင်ငံတစ်ခုဖြစ်သည်။ 

နာနတ်သီးသည် မြန်မာနိုင်ငံတွင် ဈေးကောင်းရသော အသီးတစ်မျိုးပင်ဖြစ်သည်။ နာနတ်ပင်အား တစ်ပင်နှင်. တစ်ပင် ၆ ပေကြားစိုက်ပျိုးသင်.သည်။ ရိတ်သိမ်းချိန် မတိုင်မှီ တစ်ပတ်အလိုတွင် အပင်ကြီးထွားဆေး တစ်မျိုးဖြစ်သည်. Ethephon ကို ဖြန်းခြင်းဖြင်. နာနတ်သီးများအား ရွှေဝါရောင်ဖြင်. ဈေးကွက်အတွင်း ရောင်းချနိုင်မည် ဖြစ်ပါသည်။ ဆေးဖြန်းထားသော အသီးအမှည်.သည် ၂ ရက်အတွင်းသာ စားသုံးသင်.သည်။ နာနတ်သည် ရေအရမ်းဆာသောအပင်မဟုတ်သဖြင်. အခြားစရိတ်လုပ်ခ သက်သာခြင်း၊ အကြမ်းခံနိုင်ခြင်းတို.ကြောင်. နာနတ်ပင်သည် စီးပွားဖြစ်စိုက်ပျိုးသင်.သော အပင်ဖြစ်ကြောင်း ချယ်ရီမြေမှ ညီအစ်ကိုမောင်နှမများအားတိုက်တွန်းလိုက်ရပါသည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွင်လန်းကျန်းမာ ချမ်းသာကြပါစေ

ဆုတောင်းလျက် Demien Winn

No comments:

Post a Comment