Name : Strawberries
Binomial Name: Fragaria ananassa
Genus : Fragaria
ဥယျာဉ်ခြံများတွင်
စိုက်ပျိုးနိုင်သော စတော်ဘယ်ရီပင်များဟာ ကမ္ဘာအနှံ့မှာ သဘာဝအလျောက် ပေါက်ရောက်နေတယ်. စတော်ဘယ်ရီအရိုင်းများမှ
ဆင်းသက်လာတာဖြစ်ပါတယ်။ သူ့ရဲ. မွေးပျံ.တယ်. ရနံ. နီရဲတယ်. အဆင်း အရည်ရွမ်းတယ်. အသား
ချိုမွေးတယ်. အရသာတို.ကြောင်. တစ်ကမ္ဘာလုံးက လူသိများကြပါတယ်။ စတော်ဘယ်ရီအယဉ်များဟာ
မူလမျိုးရင်း Fragaria မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။
ကျွန်တော်တို. စတော်ဘယ်ရီသီးလို. သိထားတယ်. စတော်ဘယ်ရီ က ဘယ်ရီမျိုးနွယ် မဟုတ်ပါဘူး
အုပ်စုလိုက် ကြီးထွားတတ်ကြတယ်. မြေလျှောက်ပင် မျိုးနွယ်စုတစ်ခုသာ ဖြစ်ပါတယ်။ တချို.တွေက
အသီးလိုက် စားကြတယ်။ တချို.တွေက ရေခဲမုန်. ဒါမှမဟုတ် ချောကလက်အဖြစ် ပြုလုပ် စားသုံးကြတယ်။
၂၀၁၁ ခုနှစ်ရဲ. စစ်တမ်းများအရ အမေရိကန်နိုင်ငံဟာ စတော်ဘယ်ရီကို အများဆုံး စိုက်သော နိုင်ငံအဖြစ် အသီးတန်ပေါင်း ၁၃၁၂၉၆၀ တန် နဲ. စံချိန်တင်နိုင်ခဲ.ပါတယ်။ စတော်ဘယ်ရီပင်ဟာ အအေးဓာတ်ကို ကြိုက်တယ်. အပင်ဖြစ်ပါတယ်။ ပြင်ဦးလွင် ရှမ်းပြည်နယ် နှင်. မြန်မာနိုင်ငံ အအေးပိုင်းဒေသ (ချင်းပြည်နယ်မှဒေသတစ်ချို.မပါ) တော်တော်များများမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ စတော်ဘယ်ရီပင်သည် အအေးဓာတ်ကို အရမ်းကြိုက်သော်လည်း ရေအရမ်းဆာသော အပင်မျိုးတော. မဟုတ်ပါ။ စတော်ဘယ်ရီများကို ဘောင်ကျယ်ကျယ် အပင်ကျဲကျဲဖြင်. စိုက်ပျိုးတတ်ကြသည်။
စတော်ဘယ်ရီဘောင်
လုပ်တော.မည်ဆိုပါက မြေအစိုဓာတ်အမြဲမပြတ် ရရှိရန် မြေအစိုဓာတ်ခံနိုင်သော မြေမျိုးကို
ရွေးချယ်ရမည်။ ဘောင်အကျယ် - ၄ပေ လူသွားလမ်း
- ၁ပေခွဲ အပင်ကြား - ၁ထွာ ဖြင်.စိုက်လျှင်ပိုမို သင်.တော်သည်။ ဘောင်အား မြေညှက်ညှက်
ဖြစ်နေအောင် ဘောင်ဖော်ပေးပါ။ ဘောင်ပေးပြီးပါက နွားချေး အနည်းငယ် ဖြူးပေးပါ။ ပြီးလျှင်
ရေအနည်းငယ် ဖျန်းပါ။ ပျိုးပင်များအား စိုက်စိုက်ပြီးချင်း ရေလောင်းပေးရန်လိုအပ်ပါသည်။
စတော်ဘယ်ရီပင်သည်
အမြဲတစေ ဂရုစိုက်နေရသော အပင်ဖြစ်ပါသည်။ ၃ ပတ်ကြာလျှင် မြေသြဇာ စကျွေးနိုင်ပါပြီ။ ၎
ပတ်ကြာလျှင် အပင်ဟော်မုန်းဆေးဖြန်းနိုင်ပါပြီ။ စတော်ဘယ်ရီအပင်အား အထွက်နူန်းမကျသွားစေရန်
တစ်သီးစား ပြီးလျှင် နေရာပြောင်းရွေ.စိုက်ရပါသည်။
စတော်ဘယ်ရီပင်များမှာ
မှို၊ အရွက်ကွက်ရောဂါ၊ ရွက်ထွေးရောဂါ၊ မြစ်မည်းရောဂါများ ဖြစ်တတ်လို. စတော်ဘယ်ရီပင်များကို
သေချာပြုစုသင်.ပါတယ်။ လိုအပ်ပါကလည်း သေချာနားလည်တတ်မြောက်သူ ရဲ.အကြံဥာဏ်ကိုသာ လက်ခံသင်.ပါတယ်။
စတော်ဘယ်ရီဟာ မြန်မာနိုင်ငံမှာ ဈေးကောင်းရတယ်. အသီးတစ်မျိုးဖြစ်လို. ချယ်ရီမြေမှ ညီအစ်ကိုမောင်နှမများ
စတော်ဘယ်ရီကိုစိုက်သင်.ကြောင်း အကြံဥာဏ်ပေးချင်လိုက်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ
ရွင်လန်း ချမ်းသာ ကြပါစေ...။
ဆုတောင်းလျက်
Demien
Winn
Ref:
Wikipdia . Strawberries
No comments:
Post a Comment