Thursday, August 28, 2014

ဈေးကွက်က ကောင်းကောင်း နာနတ်သီး အကြောင်း



Myanmar Name - နာနတ်သီး
English Name – Pineapple
Binomial Name – Ananas comosus
Genus – Ananas
နာနတ်သီးဟာ အပူပိုင်းဒေသမှာ အများအပြားပေါက်ရောက်တယ်. ဘယ်ရီသီး အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးအရ ဖြစ်ထွန်းအောင်မြင်နိုင်တယ်. အပင်တစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးရဲ. သရဖူပုံသဏ္ဍာန် ပင်စည်ခေါင်းအား ဖြတ်တောက် စိုက်ပျိုးခြင်းဖြင်. မျိုးပွားနိုင်ကြပါတယ်။အပင်ငယ်များက လပေါင်း ၂၀ မှ ၂၄ လအတွင်း ပန်းပွင်.နိုင်ကြပြီး ၆လအတွင်း အသီးသီးနိုင်သော သက်ရင့်ဘယ်ရီပင်များဖြစ်ကြပါတယ်။July - September လများတွင် အသီးသီးလေ.ရှိပါသည်။ နာနတ်သီးများဟာ ခူးဆွတ်ပြီးလျှင် သိသာထင်ရှားစွာ မရင်.မှည်.နိုင်ကြပါဘူး။
နာနတ်သီးကို ချက်ပြုတ်ရာတွင်လည်းကောင်း အရည်ဖျော်သောက်၍လည်းကောင်း များစွာသော အချိုပွဲထည်.သွင်း အသုံးပြုနိုင်ပါသည်။ ထို.အပြင် နာနတ်သီးချည်းပဲ သက်သက်လည်း စားတတ်ကြပါသည်။ ဖိလစ်ပိုင် လူမျိုးများက နာနတ်ရွက်များကို အိမ်တွင်း အလှဆင်ပစ္စည်းများအဖြစ်လည်း အသုံးပြုကြသည်။

ဥရောပတိုက်သားများဟာ 17 ရာစု အလယ်လောက်က အမေရိကတိုက်မှာ နာနတ်သီးကို ပထမဦးဆုံးရှာဖွေ တွေ.ရှိခဲ.ကြသူများ ဖြစ်ပါတယ်။ သိပ္ပံနံမည် Annas ဆိုတယ်. စာလုံးကတော. Tupian ဘာသာစကားမှ ဆင်းသက်လာပြီး အဓိပ္ပာယ်ကတော. အံ့ဖွယ်ကောင်းသော အသီး လို.ပြောကြပါတယ်။
နာနတ်ပင်ရဲ. အပင်ပုံစံကတော. အကြမ်းအားဖြင်. ပင်ခြေနှိမ်.ပြီး အစာအပာာရာ သိုလှောင်နိုင်သော ပင်စည်အထူ ရှိပြီး ချွန်ထက်၍ကားနေသော အရွက်များရှိသည်။ အချို.သော နာနတ်ရှားပါးမျိုးစိတ်များမှာ ၅ ပေမှ ခြောက်ပေ အထိရှိသည်။

နာနတ်သီးသည် Vitamin C နှင်. Maganese ဓာတ်များစွာ ကြွယ်ဝသော အစားအစာ တစ်မျိုးဖြစ်သည်။ နာနတ်သီး 100g တွင် Vitamin C 47.8mg ရာခိုင်နူန်းအားဖြင်. 58%၊ Maganese 0.927mg ရာခိုင်နူန်းအားဖြင်. 44% ပါဝင်သည်။ ထို.ကြောင်. ဆရာဝန်များက နာနတ်သီးပုံမှန် စားသောသူ ကင်ဆာရာဂါဖြစ်ပွားနူန်းကို လျှော.ကျစေသည် ဟု ပြောကြပါသည်။ ထို.အပြင် နာနတ်သီးတွင် မကောင်းသော အဆီများကို လျှော.ကျစေနိုင်သော ဂုဏ်သတ္တိရှိသဖြင်. Diet လုပ်နေသော သူများက ပို၍ပင်စားသုံးသင်.ကြောင်း ပြောပါသည်။

ဂါနာနိုင်ငံမှ နာနတ်သီးစိုက်ခင်း
2009 ခုနှစ် စစ်တမ်းများအရ ဘရာဇီးနိုင်ငံသည် နာနတ်သီးစိုက်ပျိုး ထုတ်လုပ်မူတွင် ၂၂၀၆ ကီလိုတန်ဖြင်. ပထမနေရာတွင် ရပ်တည်နေသောနိုင်ငံတစ်ခုဖြစ်သည်။ 

နာနတ်သီးသည် မြန်မာနိုင်ငံတွင် ဈေးကောင်းရသော အသီးတစ်မျိုးပင်ဖြစ်သည်။ နာနတ်ပင်အား တစ်ပင်နှင်. တစ်ပင် ၆ ပေကြားစိုက်ပျိုးသင်.သည်။ ရိတ်သိမ်းချိန် မတိုင်မှီ တစ်ပတ်အလိုတွင် အပင်ကြီးထွားဆေး တစ်မျိုးဖြစ်သည်. Ethephon ကို ဖြန်းခြင်းဖြင်. နာနတ်သီးများအား ရွှေဝါရောင်ဖြင်. ဈေးကွက်အတွင်း ရောင်းချနိုင်မည် ဖြစ်ပါသည်။ ဆေးဖြန်းထားသော အသီးအမှည်.သည် ၂ ရက်အတွင်းသာ စားသုံးသင်.သည်။ နာနတ်သည် ရေအရမ်းဆာသောအပင်မဟုတ်သဖြင်. အခြားစရိတ်လုပ်ခ သက်သာခြင်း၊ အကြမ်းခံနိုင်ခြင်းတို.ကြောင်. နာနတ်ပင်သည် စီးပွားဖြစ်စိုက်ပျိုးသင်.သော အပင်ဖြစ်ကြောင်း ချယ်ရီမြေမှ ညီအစ်ကိုမောင်နှမများအားတိုက်တွန်းလိုက်ရပါသည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွင်လန်းကျန်းမာ ချမ်းသာကြပါစေ

ဆုတောင်းလျက် Demien Winn

Friday, August 22, 2014

ကျွန်တော် ဖတ်ဖူးသမျှ စတော်ဘယ်ရီ အကြောင်း


Name : Strawberries
Binomial Name: Fragaria ananassa
Genus : Fragaria
ဥယျာဉ်ခြံများတွင် စိုက်ပျိုးနိုင်သော စတော်ဘယ်ရီပင်များဟာ ကမ္ဘာအနှံ့မှာ  သဘာဝအလျောက် ပေါက်ရောက်နေတယ်. စတော်ဘယ်ရီအရိုင်းများမှ ဆင်းသက်လာတာဖြစ်ပါတယ်။ သူ့ရဲ. မွေးပျံ.တယ်. ရနံ. နီရဲတယ်. အဆင်း အရည်ရွမ်းတယ်. အသား ချိုမွေးတယ်. အရသာတို.ကြောင်. တစ်ကမ္ဘာလုံးက လူသိများကြပါတယ်။ စတော်ဘယ်ရီအယဉ်များဟာ မူလမျိုးရင်း Fragaria မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို. စတော်ဘယ်ရီသီးလို. သိထားတယ်. စတော်ဘယ်ရီ က ဘယ်ရီမျိုးနွယ် မဟုတ်ပါဘူး အုပ်စုလိုက် ကြီးထွားတတ်ကြတယ်. မြေလျှောက်ပင် မျိုးနွယ်စုတစ်ခုသာ ဖြစ်ပါတယ်။ တချို.တွေက အသီးလိုက် စားကြတယ်။ တချို.တွေက ရေခဲမုန်. ဒါမှမဟုတ် ချောကလက်အဖြစ် ပြုလုပ် စားသုံးကြတယ်။
ဥယျာဉ်ခြံမြေ အတွင်းမှာ စိုက်ပျိုးနိုင်တယ်. စတော်ဘယ်ရီအယဉ်ကို ပြင်သစ်နိုင်ငံ၊ ဘရစ်တီနီမြို. မှာ ၁၇၅၀ ခုနှစ်ပိုင်း လောက်က စတင်မျိုးပွားခဲ.ပါတယ်။ ယခုမြန်မာနိုင်ငံမှာ ရောက်ရှိနေတယ်. စတော်ဘယ်ရီ အကြီးမျိုး Fragaria ananassa က စီးပွားရေးအရ ကုန်ကြမ်းထုတ်လုပ်မှူ များပြားလာအောင် အစားထိုး မျိုးပွားထားတာ ဖြစ်ပါတယ်။ စတော်ဘယ်ရီကို ရှေးခေတ်ရောမ ဆေးကျမ်းများမှာ စိတ်ကျရောဂါကုသရန် အသုံးပြုခဲ.ကြတယ်လို.ပြောကြပါတယ်။ ၅ယောက်မြောက် ပြင်သစ်ဘုရင် ချားလ်ကိုယ်တိုင်က စတော်ဘယ်ရီကို အရမ်းကြိုက်လို. တော်ဝင်ဥယျာဉ်အတွင်းမှာ စတော်ဘယ်ရီအပင် ပေါင်း ၁၂၀၀ ကျော် စိုက်ပျိုးစေခဲ.တယ် လို.လဲ ပြောကြပါတယ်။ AD 1400 လောက်က ဥရောပမှာ ရှိတယ်. ဘာသာရေးခေါင်းဆောင်များက စတော်ဘယ်ရီအရိုင်းကို အဆောင်လက်ဖွဲ. အဖြစ်လည်း ထားခဲ.ကြတယ်လို. ပြောကြပါတယ်။


၂၀၁၁ ခုနှစ်ရဲ. စစ်တမ်းများအရ အမေရိကန်နိုင်ငံဟာ စတော်ဘယ်ရီကို အများဆုံး စိုက်သော နိုင်ငံအဖြစ် အသီးတန်ပေါင်း ၁၃၁၂၉၆၀ တန် နဲ. စံချိန်တင်နိုင်ခဲ.ပါတယ်။  စတော်ဘယ်ရီပင်ဟာ အအေးဓာတ်ကို ကြိုက်တယ်. အပင်ဖြစ်ပါတယ်။ ပြင်ဦးလွင် ရှမ်းပြည်နယ် နှင်. မြန်မာနိုင်ငံ အအေးပိုင်းဒေသ (ချင်းပြည်နယ်မှဒေသတစ်ချို.မပါ) တော်တော်များများမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ စတော်ဘယ်ရီပင်သည် အအေးဓာတ်ကို အရမ်းကြိုက်သော်လည်း ရေအရမ်းဆာသော အပင်မျိုးတော. မဟုတ်ပါ။ စတော်ဘယ်ရီများကို ဘောင်ကျယ်ကျယ် အပင်ကျဲကျဲဖြင်. စိုက်ပျိုးတတ်ကြသည်။
စတော်ဘယ်ရီဘောင် လုပ်တော.မည်ဆိုပါက မြေအစိုဓာတ်အမြဲမပြတ် ရရှိရန် မြေအစိုဓာတ်ခံနိုင်သော မြေမျိုးကို ရွေးချယ်ရမည်။ ဘောင်အကျယ်  - ၄ပေ လူသွားလမ်း - ၁ပေခွဲ အပင်ကြား - ၁ထွာ ဖြင်.စိုက်လျှင်ပိုမို သင်.တော်သည်။ ဘောင်အား မြေညှက်ညှက် ဖြစ်နေအောင် ဘောင်ဖော်ပေးပါ။ ဘောင်ပေးပြီးပါက နွားချေး အနည်းငယ် ဖြူးပေးပါ။ ပြီးလျှင် ရေအနည်းငယ် ဖျန်းပါ။ ပျိုးပင်များအား စိုက်စိုက်ပြီးချင်း ရေလောင်းပေးရန်လိုအပ်ပါသည်။
စတော်ဘယ်ရီပင်သည် အမြဲတစေ ဂရုစိုက်နေရသော အပင်ဖြစ်ပါသည်။ ၃ ပတ်ကြာလျှင် မြေသြဇာ စကျွေးနိုင်ပါပြီ။ ၄ ပတ်ကြာလျှင် အပင်ဟော်မုန်းဆေးဖြန်းနိုင်ပါပြီ။ စတော်ဘယ်ရီအပင်အား အထွက်နူန်းမကျသွားစေရန် တစ်သီးစား ပြီးလျှင် နေရာပြောင်းရွေ.စိုက်ရပါသည်။
စတော်ဘယ်ရီပင်များမှာ မှို၊ အရွက်ကွက်ရောဂါ၊ ရွက်ထွေးရောဂါ၊ မြစ်မည်းရောဂါများ ဖြစ်တတ်လို. စတော်ဘယ်ရီပင်များကို သေချာပြုစုသင်.ပါတယ်။ လိုအပ်ပါကလည်း သေချာနားလည်တတ်မြောက်သူ ရဲ.အကြံဥာဏ်ကိုသာ လက်ခံသင်.ပါတယ်။ စတော်ဘယ်ရီဟာ မြန်မာနိုင်ငံမှာ ဈေးကောင်းရတယ်. အသီးတစ်မျိုးဖြစ်လို. ချယ်ရီမြေမှ ညီအစ်ကိုမောင်နှမများ စတော်ဘယ်ရီကိုစိုက်သင်.ကြောင်း အကြံဥာဏ်ပေးချင်လိုက်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွင်လန်း ချမ်းသာ ကြပါစေ...။
ဆုတောင်းလျက် Demien Winn
Ref: Wikipdia . Strawberries

Monday, August 4, 2014

ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုစနစ်များ

ဟင်းသီးဟင်းရွက် စိုက်ပျိုးစနစ်သည် လူနေမှုစနစ် တိုးတက်ပြောင်းလဲလာသည်နှင်. အမျှ ကွာခြားလာသည်ကို တွေ.ရှိရပေသည်။ အကြမ်းအားဖြင်. ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု စနစ်ကို (၆) မျိုးခွဲခြားနိုင်ပါသည်။

အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းစနစ်
ဤစနစ်မှာ ရှေးအကျဆုံး စိုက်ပျိုးမှုစနစ်ဖြစ်သည်။ လူသားများ အဖွဲ.လိုက် စုပေါင်း ပြောင်းရွေ. နေထိုင်သော ခေတ်ကာမှစ၍ မိမိတို.၏ နေ.စဉ်စားသုံးရန်အစာတွက် စိုက်ပျိုးခဲ.ကြသည်။ မြေဆီမြေနှစ်ကုန်ခမ်းသွား၍ စိုက်ပျိုးမှု မအောင်မြင်သောအခါတွင် နေရာသစ်ကို ရှာဖွေလေ.ရှိကြသည်။ အချူပ်အားဖြင်. ဤစိုက်ပျိုးမှူ စနစ်သည် မိမိ၏ အဖွဲ.စည်း သို. မိမိအိမ်ထောင် စားသုံးရန်အတွက် စိုက်ပျိုးခြင်းဖြစ်သည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းစနစ်
လူနေမှုစနစ်တိုးတက်လာ၍ မြို.ကြီးပြကြီးများတွင် အမြဲတစေ နေထိုင်လာသောအခါ စိုက်ပျိုးရန်အတွက် မြေနေရာမရှိခြင်း အခြားစီးပွားရေးလုပ်ငန်းကြောင်. အချိန်ပိုမရှိခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းကို ကျွမ်းကျင်မှုမရှိခြင်း စသည်တို.ကြောင်. ကိုယ်တိုင်မစိုက်ပျိုးကြတော.ပေ။ ထိုအခါ မြို.သူမြို.သားများအတွက် စိုက်ပျိုးရောင်းချလာကြသည်။ အချုပ်အားဖြင်. မြို.၏ လိုအပ်မှုအပေါ် မူတည် စိုက်ပျိုးခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ ပို.ကုန်အဖြစ်စိုက်ပျိုးခြင်းစနစ်
ခေတ်မီတိုးတက်လာ၍ ပို.ဆောင်ဆက်သွယ်ရေးကောင်းမွန်သောအခါ၊ ဟင်းသီး ဟင်းရွက်များကို ဒေသနှင်. ကိုက်ညီကောနေရာများတွင် စိုက်ပျိုးလာကြပြီး ပြည်တွင်းပြည်မ ဈေးကွက်များသို. မော်တော်ကား မီးရထား လေယာဉ်ပျံ စသည်တို.ဖြင်. တင်ပို.ရောင်းချနိုင်ရန် ကျယ်ကျယ် ပြန်.ပြန်. စိုက်ပျိုး ထုတ်လုပ်ကြပါသည်။ ဥပမာ ရော်ဘာစိုက်ပျိုး တင်သွင်းမှူ


စည်သွတ်လုပ်ငန်းအတွက် စိုက်ပျိုးခြင်းစနစ်
သီးနှံသိုလှောင်သော နည်းပညာများကို တတ်မြောက်သောအခါ ပိုလျှံသော သီးနှံများကို စည်သွတ်လုပ်ငန်းစက်ရုံများမှ ဝယ်ယူအသုံးပြုလာကြသည်။ သီးနှံအများအပြား စိုက်ပျိုးသောဒေသများတွင် စက်ရုံကြီးများတည်ဆောက်လာကြပြီး၊ လတ်ဆက်စွာ စားသုံးရန်အတွက် သီးနှံကောင်းများကို အဝေးသို. ဈေးနှူန်းတစ်မျိုးဖြင်. ရောင်းချပြီး၊ လက်ကျန်ကို စက်ရုံများသို. ဈေးနှူန်းလျှော.၍ ရောင်းချကြသည်။ ယခုအခါတွင် စက်ရုံလိုအပ်ချက်ပေါ်မူတည်၍ သီးသန်. စိုက်ပျိုးလာကြသည်။ ထိုအခါ စည်သွတ်လုပ်ငန်းနှင်. ကိုက်ညီမည်. အပင်ကို ရွေးချယ်၍ စိုက်ပျိုးရသည်။

အချိန်အခါမဟုတ်သည်. အချိန် စိုက်ပျိုးခြင်းစနစ်
တိုးတက်သော နိုင်ငံများတွင် ဟင်းသီးဟင်းရွက်ကို ရာသီးချိန်မဟုတ်သော်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် ဖန်တီးလာကြသည်။ အထူးသဖြင်. ခရမ်းချဉ်နှင်. သခွားသီး၊ ဖရဲသီးစသည်တို.ကို တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် မှန်အိမ်ကြီးများတွင် အပူချိန်ထိန်း၍ စိုက်လာကြသည်။ ရာသီမဟုတ်သော အချိန်တွင် အထူးပြုစုစိုက်ပျိုးရခြင်းကြောင်. စိုက်စရိတ်ကြီးမားသည်။ ဈေးကြီးပေး၍ ဝယ်စားနိုင်သော နိုင်ငံများတွင် အသုံးပြုစိုက်ပျိုးကြသည်။ 

မျိုးစေ.ထုပ်လုပ်ရန် စိုက်ပျိုးခြင်းစနစ်
ဟင်းသီးဟင်းရွက်ကို မျိုးအတွက် စိုက်ပျိုးခြင်းနှင်. စားသုံးရန်အတွက် စိုက်ပျိုးခြင်းတို.သည် ကွာခြားမှုရှိပေသည်။ မျိုးကောင်းမျိုးသန်.ကို သုံးမှသာလျှင် စိုက်ပျိုးမှုကို အကျိုးဖြစ်ထွန်းမည် ဖြစ်သည်.အလျှောက် မျိုးကောင်းမျိုးသန်. ရရှိနိုင်ရန်အတွက် သင်.လျှော်သော မြေ၊ ရာသီဥတုနှင်. ရောဂါကင်းသောဒေသတို.တွင် ရွေးချယ်စိုက်ပျိုးရပေသည်။ မျိုးစေ.အတွက် ရိတ်သိမ်းခြင်း ချွေခြင်း နေလှန်းခြင်း၊ ထုတ်ပိုးဖြင်း သိုလှောင်ဖြင်း စသော လုပ်ငန်းများသည် သီးသန်. လုပ်ငန်းများဖြစ်သည်. အလျောက် ကျွမ်းကျင် နားလည်နိုင်ရန်လည်း လိုအပ်လှပါသည်။ ထို.ကြောင်. ဟင်းသီးဟင်းရွက် မျိုးစေ.ထုပ်လုပ်ခြင်း လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြသည်။

Ref; ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး : မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း : 2000

အမှာစကား

အားလုံး မင်္ဂလာပါ။ ကျွန်တော် နံမည် စည်သူဝင်းပါ။ ကလောင်နံမည်ကတော. Demien Winn (ပြင်ဦးလွင်)ပါ။ ကျွန်တော်အတွေ.အကြုံ နဲ. ဒီ စာမျက်နှာကို ရေးသားပြုစုရခြင်းဖြစ်ပါတယ်။ ကျွန်တော် အနေနဲ. ဒီ Blog ကို ယနေ.ခေတ်စနစ်အနေနဲ. လူငယ်များဟာ မိခင်ဘာသာ မြန်မာစာပေအနေနဲ. ဖော်ပြပေးမယ်. အင်တာနက်စာများကို ဖတ်ရှူလေ.လာနိုင်အောင်၊ စိုက်ပျိုးရေးနဲ. အသက်ဝမ်းကြောင်းမွေးမြူမှူ ဆိုင်ရာ ဗဟုသုတများ ရရှိနိုင်အောင် ကျွန်တော် Demien Winn (ပြင်ဦးလွင်)[အင်တာနက် ကလောင်နံမည်] အသုံးပြုပြီးရေးသား ပြုစုခြင်းဖြစ်ပါတယ်။

ယနေ.ခေတ် လူငယ်နဲ. အင်တာနက်
ကျွန်တော်တို. မြန်မာပြည်က လူငယ်တော်တော်များက အင်တာနက်ကို မကောင်းတယ်.နေရာမှာ အသုံးချနေကြပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ. စစ်တမ်းအရ ယခုအခါ လူငယ်များ အင်တာနက်ကို မှားယွင်းစွာ အသုံးချမှူ ကြောင်. မှူခင်းဖြစ်ပွားနူန်းတိုးတက်လာရတယ် လို.ဆိုပါတယ်။ တကယ့်အပြင် လက်တွေ.မှာလည်း မှုခင်းဖြစ်ပွားနူန်း တိုးတက်လာတာကို ကျွန်တော်တို.တွေ.ရှိခဲ.ပါတယ်။ အဓိကကတော. မြန်မာဘာသာနဲ. အကျိုးရှိရှိ သုတရသ အပြည်.ပေးနိုင်မယ်. အင်တာနက် စာမျက်နှာများ မရှိတာကိုလည်းတွေ.ရပါတယ်။ ယနေ.အင်တာနက်ခေတ်ကြီးမှာ အချိန်နဲ. တပြေးညီ ကောင်းသတင်း ဆိုးသတင်းများကို လူမှူကွန်ယက် စာမျက်နှာ များမှ တဆင်.ကူးစက်ကြပါတယ်။ အင်တာနက် ကူးစက်မှူက ကောင်းကျိုး ထက် ဆိုးကျိုးများနေသောကြောင်. အများ ပြည်သူအကျိုးအတွက် အုတ်တစ်ချပ် သဲတစ်စုပ်ပါဝင်နိုင်လျှင်ပင် ကျွန်တော် အပင်ပန်းခံရကျိုး ရေးသားရကျိုးနပ်ပါပြီ။
အကယ်၍များ "စေတနာက ဝေဒနာ" "မျက်နှာမရဘဲ ခြေထောက်ရ" ခဲ.လျှင် ကျွန်တော် တက်သစ်စ Onlineစာရေးဆရာ တစ်ယောက်အနေနဲ. အမှားပါခဲ.သည်ရှိသော် အထူးအလေးထား တောင်းပန်အပ်ပါသည်။